Word, Excel, Powerpoint တွေမှာ စာရိုက်ရင်း မီးပျက်သွား၊ မ Save မိသူများ အတွက် ရိုက်ထားသည့် စာများ ပြန်လည်ရယူနည်း
Word, Excel, Powerpoint တွေမှာ စာရိုက်ရင်း မီးပျက်သွား၊ မ Save မိသူများ အတွက် ရိုက်ထားသည့် စာများ ပြန်လည်ရယူနည်း :-)
********************************
*
ဦးစွာ ပထမ ဒီနည်းလေးကို သင်ပေးပါသော အကိုဆရာ တစ်ယောက်ကို လေးစားလျှက်
- အရင်ဆုံး Word ထဲ ဝင်ပါ။
- Word ထဲ ရောက်ပါက File ကို နှိပ်ပါ။
- File ထဲကနေ Options ကို နှိပ်ပါ။
- ကျလာသော Word Options ထဲက Save ကို နှိပ်ပါ။
- Save AutoRecover information every မှာ မိမိ စိတ်ကြိုက် မိနစ် ထည့်ပေးပါ။ ( မိမိ ထည့်ပေးသော မိနစ်က မီးပျက်ပြီး၊ မ Save မိတဲ့အခါ အဲဒီမိနစ်အတွင်း ပြန်ယူနိုင်ဖို့ပါ။ )
- ပြီးရင် Ok ကို နှိပ်ပါ။
- မီးပျက်သွားလို့ ပျက်သွားတဲ့ စာ ပြန်ယူပါက File ထဲက Open ထဲက Recover Unsaved Documents မှာ ပြန်ယူပါ။
ဒါက Office 2010, 2013 အတွက် ပြန်ရှာနည်းလေးပါ။ Office 2007 အတွက် တင်ပေးပါ့မယ်။
အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်။
*********************************************
အဆင်ပြေပါစေ ။
Credit.
လေးစားစွာဖြင့် ။
< KMM >
Comments
Post a Comment